Quick Products Search




Navet-Prostag 10 ml (Navetco, Vietnam)


နာဗက် ပရောစ်တက် (Navet-Prostag) သားမွေးရလွယ်၊ မျိုးအောင်နှုန်းကောင်းဆေး ပါဝင်သောပစ္စည်းများ - ဆေး ၂ စီစီ လျှင် Na Cloprostenol (equivalent to 175 mcg Cloprostenol) …. 184 mcg/ Excipient q.s. …. 2 ml ဆေးအညွှန်း - သားမွေးရလွယ်ကူစေခြင်း။ မွေးဖွားချိန်ကို ထိန်းညှိပေးနိုင်ခြင်း။ မျိုးအောင်နှုန်းမြင့်မားစေခြင်း။ ဝက် - ဝက်မများ သားမွေးရာတွင် လွယ်ကူစွာ တစ်ချိန်တည်း မွေးဖွားစေခြင်း၊ ညဖက်သားပေါက်ခြင်း၊ မွေးဖွားချိန်ကြာခြင်းတို့မှ ရှောင်ရှားနိုင်ခြင်း၊ မွေးကင်းစဝက်ကလေး သေဆုံးမှုနည်းပါးစေခြင်း၊ သားအိမ်အညစ်အကြေးများ၊ အချင်းနှင့် သေနေသော သန္ဓေသားကို ဖယ်ရှားပေးနိုင်ခြင်း၊ အချိန်ကိုက် သားပြန်တောင်းစေခြင်း၊ ကုန်ကျစရိတ်သက်သာစေခြင်း၊ မွေးမြူရေးခြံ စီမံခန့်ခွဲမှုကို အဆင်ပြေစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပါသည်။ ဝက်မတစ်ကောင်ကို အသားဆေး (၂) စီစီ ထိုးပေးပါ။ သားမွေးရလွယ်ကူစေရန် ကိုယ်ဝန်ဆောင်ကာလ (၁၁၂) ရက်တွင် ထိုးပါ။ ဆေးထိုးပြီး ၂၄ နာရီ မှ ၃၂ နာရီအတွင်း မွေးဖွားပါလိမ့်မည်။ သားအိမ်ရောင်ခြင်း၊ အချင်းမကျခြင်းများ မဖြစ်စေရန် မွေးဖွားပြီး ၄၈ နာရီတွင် ဆေးတစ်ကြိမ်ထပ်ထိုးပါ။ သားအောင်နှုန်း မြင့်မားစေရန်နှင့် သားပေါက်ကောင်ရေများစေရန် ဆေး (၁) စီစီကို သုတ်ရည်ထဲသို့ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ နွား - နွားမတစ်ကောင်ကို အသားဆေး (၄) စီစီ ထိုးပါ။ နွားမမြိုင်လာစေရန်နှင့် မျိုးဥကြွေရန် - နွားမကို ပထမအကြိမ်ဆေးထိုးပါ။ ၃ - ၄ ရက် အကြာတွင် မြိုင်ပေါ်နိုင်ပါသည်။ မပေါ်ပါက ပထမအကြိမ်ဆေးထိုးရက်မှ နောက် ၁၁ ရက်အကြာတွင် ဒုတိယအကြိမ် ဆေးထိုးပေးပါ။ နောက်ထပ် ၃ ရက် အကြာတွင် သားစပ်ပါ။ ဤနည်းဖြင့် နွားမများ မြိုင်ပေါ်ချိန်ကို တစ်ချိန်တည်းပေါ်စေရန် synchronize ထိန်းညှိပေးနိုင်ပါသည်။ မြင်း - မြင်းမတစ်ကောင်ကို ၂ စီစီထိုးပါ။ မြိုင်ပေါ်စေရန် မြိုင်ကာလ ၁၄ ရက် နှင့် ၁၈ ရက်တို့တွင် နှစ်ကြိမ်ထိုးပါ။ ဒုတိယအကြိမ်ဆေးထိုးပြီးနောက် ၆ - ၁၂ ရက်အတွင်း မျိုးဥကြွေပါသည်။ သားအိမ်ရောင်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါသည်။ သိုး၊ ဆိတ်- တစ်ကောင်လျှင် အသားဆေး ၃ - ၄ စီစီ ထိုးပေးပါ။ မြိုင်ကာလ ၅ ရက်တွင် တစ်ကြိမ်၊ နောက်ထပ် ၁၁ ရက်အကြာတွင် တစ်ကြိမ်ထိုးပေးပါ။ ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ၃၀ - ၄၈ နာရီအတွင်း မြိုင်ပေါ်ပါမည်။ တစ်ချိန်တည်း (သို့) မိမိက မွေးစေလိုသည့်အချိန် ကလေးမွေးဖွားစေလိုပါက ကိုယ်ဝန်ဆောင်ကာလ ၁၄၄ ရက်နောက်ပိုင်းတွင် ဆေးထိုးပါ။ ဆေးထိုးပြီး ၂၈ - ၆၀ နာရီအတွင်း ကလေးမွေးပါလိမ့်မည်။ ခွေး၊ ကြောင် - အသားဆေး (သို့) အရေပြားအောက်ထိုးဆေးအဖြစ် ကိုယ်အလေးချိန် ၁၀ ကီလိုလျှင် ဝ.၁ စီစီနှုန်း ထိုးပေးပါ။ ပုံမှန်ဓါတ်ဆားရည် (သို့) မိုးရေဖြင့် ရောစပ်အသုံးပြုနိုင်ပါသည်။ မတော်တဆ မိတ်လိုက်မိသွားပါက ပထမကိုယ်ဝန်ဆောင်ကာလ တစ်ဝက် (၇၅) ရက်အတွင်း အသုံးပြုနိုင်သည်။ ပထမအကြိမ်ထိုးပြီး ၄၈ နာရီစီခြားပြီး နှစ်ကြိမ်ထပ်ထိုးပါ။ သားအိမ်ရောင်လျှင် ဆေး ၁ - ၂ ကြိမ်ထိုးပါ။ Composition: - Cloprostenol Na ……………….. 184 mcg (as 175 mcg Cloprostenol ) - Excipient q.s ………………….. 2 ml Administration and dostsge: • Pigs : By intramuscular injection. Does of 2ml / animal. • Cattle : By intramuscular injection. Does of 4ml / animal. • Horsesb : By intramuscular injection. Does of 2ml / animal. • Goats, sheep : By intramuscular injection. Does of 3-4 ml / animal. • Dogs, cats : By intramuscular or subcutaneous injection. Does of 0.01 ml / kg body weight (can be diluted with normal saline or distilled water for easy injection.) Precautions: - Withdrawal period before slaughtering: 24 hour after injection. - Avoiding too early injections with might cause premature farrowing, or weak neonatal pigs. - Pregnant women should avoid direct contact with the medicine through skin. Storage: Keep in a cool and dark place.






©2024 Yin Yin Kyaw | All Rights Reserved.