Quick Products Search




PRRS Vaccine (BG08 Strain) 10 doses Navetco, Vietnam.


ဝက်နားရွက်ပြာရောဂါကာကွယ်ဆေး (ဆယ်ကောင်စာ) ဆေးအညွှန်း Porcine reproductive & respiratory syndrome ( PRRS) ခေါ် ဝက်မျိုးပွါး နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (ပြင်းထန်ဝက်နားရွက်ပြာရောဂါ) ကို ကာကွယ်ပေးနိုင်ပါသည်။ ကာကွယ်ဆေးထိုးပြီးနောက် ၂၁ - ၂၈ ရက်အတွင်း ဝက်နားရွက်ပြာရောဂါကို ကာကွယ်ပေးနိုင်သည်။ ကိုယ်ခံစွမ်းအားမှာ ၄ လ မှ ၆ လ အထိ သက်တမ်းရှိပါသည်။ အသုံးပြုပုံ  ဝက်နားရွက်ပြာကာကွယ်ဆေးကို အအေးခံထားသော ဆေးဖျော်ရည် (cooled vaccine diluent) နှင့် ဖျော်ပါ။ ဝက်နားရွက်နောက်ပိုင်းတွင် အသားဆေး (သို့) အရေပြားအောက်ဆေးအဖြစ် ၂ စီစီ ထိုးပေးနိုင်ပါသည်။  ဝက်ငယ် - အသက် ၃၅ ရက်သားတွင် ကာကွယ်ဆေး ၂ စီစီ ထိုးပေးပါ။  ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွါးနေပါက ဝက်ငယ် ၁၅ ရက်သားတွင် ဆေး ၁ စီစီ ထိုးပေးပြီး နောက် ရက် ၃၀ အကြာတွင် ဆေး ၂ စီစီ ထိုးပေးပါ။  ဝက်သိုး - ခြောက်လတစ်ကြိမ် ကာကွယ်ဆေးထိုးပေးပါ။  ကိုယ်ဝန်ဆောင်ဝက်မများအားကာကွယ်ဆေးထိုးလျှင် ညင်သာစွာ ကိုင်တွယ်ပေးပါ။  ကာကွယ်ဆေးဖျော်ပြီးလျှင် ၂ နာရီအတွင် အသုံးပြုပါ။  ကာကွယ်ဆေးကို အပူချိန် ၂ - ၈ ဒီဂရီ စင်တီဂရိတ်တွင် သိမ်းဆည်းပါ။ ကာကွယ်ဆေးကို ရေခဲဖြင့် သယ်ဆောင်ပါ။ ရေခဲသေတ္တာအပေါ်ထပ်ရေခဲခန်းတွင် မသိမ်းဆည်းရပါ။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံရှိ PRRS ရောဂါနှင့် ကိုက်ညီသော ကာကွယ်ဆေးကို တင်သွင်းဖြန့်ချိပါသည်။






©2024 Yin Yin Kyaw | All Rights Reserved.